Which Headlight is the best ?ဘယ်မီးက အကောင်းဆုံးလဲ

အများဆုံးမေးနေကျတဲ့ မေးခွန်းတစ်ခု….. ကားမီးကြီးတွေထဲမှာ ဘယ်မီးကအကောင်းဆုံးလဲ?

XENON X က ပြန်ဖြေပါတယ်… ဘယ်မီးက အကောင်းဆုံးလို့တော့ ပြောလို့မရဘူး။ဘယ်မီးက အကောင်းဆုံးလဲ ဆိုတာလဲမရှိပါဘူး..Halogen ,HID ,LED သုံးမျိုးစလုံးက သူ့အားသာချက် သူ့အားနည်းချက် ရှိနေပါတယ်… အလင်းဆုံးမီးကို လိုချင်တာလား? စျေးအသက်သာဆုံး ကိုရှာတာလား? ရေရှည်အခံဆုံး ကိုလိုချင်တာလား? ဆိုတာရှိပါတယ်..

HALOGEN

HALOGEN

Halogen မီး ဘာတွေအားသာပြီး ဘာတွေအားနည်းတာလဲ?… မီးသုံးမျိုးထဲမှာ Halogen က စျေးအသက်သာဆုံး အားသာပါတယ်။တပ်ဆင်ရ အလွယ်ကူဆုံး။ကားပစ္စည်းဆိုင်တိုင်းမှာရှိတော့ အဆင်ပြေတယ်။ အားနည်းချက်က အပူထွက်တာအရမ်းများပါတယ်။မီးသုံးမျိုးစလုံးထဲမှာ အပူထွက်အများဆုံး။ကားစွမ်းအင် သုံးစွဲမှု အများဆုံး။ကားမီးခွက် အထိခိုက်ဆုံး။လင်းအားကလည်း အနည်းဆုံး။မီးလုံးသက်တမ်းကလည်း အတိုဆုံးဖြစ်ပါတယ်။Halogen ပျမ်းမျှသက်တမ်းက နာရီ 2000 ။

LED ( Light Emitting Diode )

LED

LED မီး ဘာတွေအားသာပြီး ဘာတွေအားနည်းတာလဲ?…. LED ဆိုရင် ပြောရတာ နည်းနည်းတော့ခက်ပါတယ်။LED အညံ့စားတွေအရမ်းများနေလို့ ငြင်းခုန်စရာတွေလည်း အရမ်းများပါတယ်။ဒီနေရာမှာ အကောင်းစား LED ကိုပဲပြောပါမယ်။ မီးသုံးမျိုးစလုံးထဲမှာ သက်တမ်းအကြာဆုံး သုံးနိုင်တာ LED ဖြစ်ပါတယ်။အားသာဆုံး အချက်က မီးသုံးခုစလုံးမှာ စမ်းအင်သုံးစွဲမှု,အပူထုတ်လွတ်မှု အနည်းဆုံးဖြစ်ပါတယ်။Original Halogen မီးထက် အပူ 80% ပိုသက်သာပါတယ်။ တပ်ဆင်ရ လွယ်ကူပါတယ်။ LED ဟာ အားနည်းချက်က အနည်းဆုံးဖြစ်ပါတယ်။ HID မီး နဲ့ယဉ်ရင် လင်းအားနည်းတာပါပဲ။လင်းအား အကောင်းဆုံးမဟုတ်တာ အားနည်းပါတယ်(ဒီအချက်မှာ တော်တော်များများက မီးတွေထဲမှာ LED မီးက အလင်းဆုံးလို့ ထင်နေကြပါတယ်။HID ကသာ အလင်းဆုံးပါ။ မီးသုံးမျိုးစလုံးမှာ ယေဘုယအားဖြင့် စျေးအကြီးဆုံးပါ(ကောင်းတဲ့ LED ကိုပြောတာနော်)။သို့ပေမဲ့ ရေရှည်ခံတဲ့ အချိန်နဲ့ ပြန်တိုင်းတာရင်တော့ စျေးမကြီးပါဘူး။LED ပျမ်းမျှသက်တမ်းက နာရီ 30000+.

HID ( High Intensity Discharge )

HID

HID မီး ဘာတွေအားသာပြီး ဘာတွေအားနည်းတာလဲ?…. HID မီးအကြောင်းမှာလည်း တစ်ကယ့်ကောင်းတဲ့ OEM HIDမီးကိုပဲပြောပါမယ်….. အားသာချက်က မီးသုံးမျိုးစလုံးမှာ အလင်းဆုံးပါ။Stock HALOGEN ထက် အားစားပိုသက်သာပါတယ်။Halogen 55W နဲ့ တူညီသည့် 55W တွင် HID က အပူ 25% ပိုသက်သာပါတယ်။Original HALOGEN မီးထက် စွမ်းအင်သုံးစွဲမှု များစွာသက်သာပါတယ်။STOCK HALOGEN ထက် သက်တမ်း ပိုကြာကြာခံပါတယ်.

အားနည်းချက်က ကြားထဲမှာရှိနေပါတယ်။အပူထွက်နှုန်းက Halogen လောက်မများသော်လည်း LED ထက်များစွာ ပိုများပါတယ်။သက်တမ်းအားဖြင့် နာရီ 4000 ပါ။မီးသုံးမျိုးစလုံးထဲမှာ တပ်ဆင်ချိန် ပိုပေးရဆုံးပါ(သို့ပေမဲ့ နည်းပညာမြင့်လာတဲ့နောက်ပိုင်း H4 အနိမ့်အမြင့်ကြိုးကအစ အပ်လိုက်စရာမလိုတဲ့အတွက် တပ်ဆင်ချိန် မကြာတော့ပါ)စျေးက Halogen ထက်များစွာ စျေးကြီးပြီး LED ထက်တော့စျေးသက်သာပါတယ်)

ကားမီးနဲ့ပတ်သက်ရင် www.xenonxmm.com ကိုဝင်ရှာပါ

Leave a Reply

Your email address will not be published. Required fields are marked *