မိုးကျချိန် ,မြူထူထပ်ချိန်, မိုးနှင်းကျချိန်,နှင်းကျချိန် ဘယ်မီးရောင်ဟာ အကောင်းဆုံးလဲ?မီးဖြူလား မီးဝါလား?

ဘယ်မီးရောင်ဟာ အကောင်းဆုံးလဲလို့ မဆွေးနွေးခင် မီးအလင်းရောင်အကြောင်း အတိုချုံးထပ်ပြီးဆွေးနွေးပါရစေ.. Colour temperature is related to the light penetration..Colour Temperature Unit ကို Kelvin(K) ကိုယ်စားပြုပါတယ်။ Kelvin (K) တန်ဖိုး နည်းခြင်းများခြင်းဟာ မီးအလင်းရောင်မတူညီခြင်းနဲ့သာ ဆိုင်ပါတယ်..လင်းအားပိုကောင်းခြင်း မကောင်းခြင်းနဲ့မသက်ဆိုင်ဘူးဆိုတာကိုတော့ သေချာအရင်သိထားဖို့လိုပါမယ်…အများအားဖြင့်သိထားကြတာက HID မီးဟာ အဖြူဖြစ်တယ်ဆိုတဲ့တစ်ချက်ကိုအရင်ဖြည့်ပြောပါရစေ..

HID မှာ အခြေခံအားဖြင့် 3000K,4300K,5000K,6000K,8000K,10000K,12000K အရောင် (၇) မျိုးရှိပါတယ်။အသေးဆုံဂဏန်းဟာ လှိုင်းတစ်ခုနဲ့တစ်ခုအကွာအဝေး (လှိုင်းအလျား) အဝေးဆုံးနဲ့ အလင်းဖောက်အား အကောင်းဆုံးလို့မှတ်သားရပါမယ်။ အလင်းဖောက်အားအကောင်းဆုံးက 3000K နဲ့ 4300K ဖြစ်ပြီး လင်းအား Lux Unit အထွက်ဆုံးက 4300K~5000K ကြားဖြစ်ပါတယ်။အတိအကျဆိုပါက 4800K ဟာ Lux အမြင့်ဆုံးထွက်နိုင်တဲ့အရောင်ဖြစ်ပါတယ်..

ဘာကြောင့် 4300K~4800k မီးရောင်ဟာ အကောင်းဆုံးဖြစ်တာလဲ?

အဖြူရောင်အလင်းနဲ့နှိုင်းယာဉ်ရင် အဝါဖောက်အလင်းဟာ လေထုရဲ့စိုထိုင်းမှုနှင့်မိုးနှင်းတွေကို ပိုပြီးဖောက်ထွင်းနိုင်ပါတယ်။မိုးသည်းထန်ချိန် /မြူကျချိန်/မုန်တိုင်းကျချိန် နှင့်နှင်းကျချိန်များမှာ 4300K~5000K ကြားဟာ အလင်းဖောက်အားအကောင်းဆုံးနဲ့ Kelvin range အရ လင်းအားထွက်နိုင်ဆုံးဖြစ်ပါတယ်။ညပိုင်းမောင်းရန်အသင့်တော်ဆုံးအရောင်လို့ဆိုလည်း မမှားပါ။ကတ္တရာလမ်းပေါ်မှာလည်း အသင့်တော်ဆုံးဖြစ်ပါတယ်။အဖြူရောင်အလင်းဟာ အမဲရောက်ကတ္တာရာလမ်းမှာ လမ်းရဲ့အလင်းစုပ်အားပိုပြီးခံရပါတယ်။ကတ္တရာလမ်းပေါ်မှာ အဖြူရောင်အလင်းတန်းဟာပြောက်ပါတယ်(black absorbs visible light)။

မိုးရွာချိန်ဖြစ်ဖြစ်၊မြူကျချိန်ဖြစ်ဖြစ် ညပိုင်းကားမောင်းများတာပဲဖြစ်ဖြစ် သင်ဘယ်လိုမီးကိုကြိုက်ကြိုက် အဝါပဲကြိုက်ကြိုက် အဖြူပဲကိုက်ကြိုက် ကျွန်တော်တို့ Xenon X မှာ အဖြူကော အဝါကော နှစ်မျိုးစလုံး လာရောက်ရွေးချယ်နိုင်ပါတယ်…

ကားမီးနဲ့ပတ်သက်ရင် www.xenonxmm.com ကိုဝင်ရှာပါ

Leave a Reply

Your email address will not be published. Required fields are marked *