HID ချုပ် Watt နဲ့ မီးလုံး Watt မတူရင် ဘာတွေပြောင်းလဲသွားမလဲ…….?

စုစုပေါင်းထွက်တဲ့လင်းအား ကွာခြားလာသလို မီးလုံးကထွက်တဲ့ မီးအရောင်လည်းကွာခြားသွားပါတယ်..HID 35W 4300K(or) 6000K မီးလုံးတစ်လုံးတည်းမှာ မတူညီတဲ့ချုပ် 35W, 55W, 65W နဲ့တွဲသုံးရင် ထွက်လာတဲ့ လင်းအား/မီးအလင်းအရောင် မတူပါဘူး.ချုပ်တွန်းအား များရင်များသလို အရောင်တွေက ကွဲသွားပါတယ်…ဥပမာ- 55W 6000K မီးလုံးကို 65W နဲ့တွန်းရင် 6000K(အဖြူ)က 4800K(ဝါကျင့်) ပတ်ဝန်းကျင် ပြန်ထွက်ပါတယ်..ချုပ် Watt အားများလေလေ Colour Temperature (Kelvin)တန်ဖိုး ကိန်းဂဏန်းပိုပိုလျော့သွားပါတယ်..

နောက်တစ်ချက်က 55W မီးလုံးကို 35W ချုပ်နဲ့တွန်းရင် မီးအား ပိုထွက်မလာပါဘူး။35W မီးလုံးကို 55W or 65W ချုက်နဲ့တွန်းရင်တော့ မီးလင်းအား ၈၀% ပတ်ချာလည်ပိုထွက်လာပါတယ်။မီးအရောင်လည်း အနည်းငယ်ပြောင်းသွားပါတယ်။သို့ပေမဲ့ မီးလုံးသက်တမ်းက ၁၀%ပတ်ချာလည် ပြန်လျော့သွားပါတယ်။


ကားမီးနဲ့ပတ်သက်ရင် www.xenonxmm.com ကိုဝင်ရှာပါ

Leave a Reply

Your email address will not be published. Required fields are marked *