Why we choose LUX instead of LUMENS?

Lux is a measure of illuminance, the total amount of light that falls on a surface. Lumens is a measure of luminous flux, the total amount of light emitted in all directions. Lux is what we measure on the wall, and Lumens is the amount of light the actual LEDs emit off the bulb.

Lumens နဲ့ Lux ကြားရှိသေချာဆုံးတစ်ချက်က သင် Lumens ကိုမတွေ့ရပါဘူး။မျက်နှာပြင်တစ်ခုပေါ်မှာတွေ့တဲ့ အလင်းဟာ Lux ကိုယ်စားပြုပါတယ်။မျက်နှာပြင်ဒါမှမဟုတ် အရာဝတ္တုတစ်ခုပေါ်မှာ ပိုလင်းလင်းတွေ့တယ်ဆိုရင် Lux ပိုများလို့ပါ။သို့ပေမဲ့ လူသားတွေရဲ့မျက်လုံးဟာ တောက်နေတဲ့အလင်းတစ်ခုပေါ် ခွဲခြားသိမြင်နိုင်စွမ်းကွဲပြားပါတယ်။

ဥပမာ-တူညီသည့် Lumensတန်ဖိုး တစ်ခုပေါ်မှာ Spot Light နဲ့ Flood light နှစ်ခုတွင် Spot light ကလင်းအားပိုများတယ်ဟုထင်တတ်ကြတယ်။တစ်ယောက်နဲ့တစ်ယောက် အလင်းပေါ်ခံစားချက်လည်းကွဲပြားတတ်တယ်။ထိုနည်းတူစွာ အလင်း အရောင်(colour temperature) ပေါ်လည်း သိမြင်ပုံခြင်း ကွဲပြားတတ်တယ်. ကဲပြောနေတာကြာတယ် ကားမီးကြီးတစ်ခုမှာ Lux နဲ့ Lumens ဘယ်unit ကိုပိုပြီးအလေးထားရွေးချယ်သင့်သလဲဆိုတာပဲ ဆက်ရအောင်…Lumens ဟာ မီးလုံးကထွက်လာတဲ့ စုစုပေါင်း လင်းအားပမာဏကိုသာတိုင်းတာခြင်းဖြစ်တယ်။သင်တွေ့မြင်ရမဲ့မျက်နှာပြင်တစ်ခုပေါ်က လင်းအားကို Lux နဲ့တိုင်းတာပါတယ် ။

More Lumens more Lux မှန်ပါသော်လည်း ကားမီးကြီးတစ်ခုမှာ သင်တစ်ကယ်တွေ့မြင်ရမဲ့ မျက်နှာပြင်ပေါ်က Lux ကိုပိုပြီးအလေးထားရွေးချယ်သင့်ပါတယ်။Lumens များသော်လည်း သင်လိုအပ်သည့်နေရာ ကျရောက်တဲ့ Lux နည်းနေတတ်ပါတယ်။ပြောပါဆိုရင် Light pattern နဲ့ပါဆက်စပ်လာပါတယ်။Light pattern အကြောင်းနောက်မှ သပ်သပ် တင်ဆက်ပါမယ်

..

အထက်ပုံပါ အဝါရောင်နေရာက Lux ကိုကိုယ်စားပြုပါတယ်။Lumens က source ပေါ်ကထွက်လာတဲ့ အစက်လေးတွေကိုဆိုလိုပါတယ်။သင်အမှန်တစ်ကယ်တွေ့မြင့်ရမည့်နေရာဟာ အဝါနေရာ Lux(အဝါရောင်) နေရာဖြစ်တယ်။

ဥပမာ၂- ဖန်သားဗုံးကြီးတစ်ခုထဲမှာ ရေအပြည့်ဖြည့်ထားတယ် ဆိုပါစို့။ရေသည် Lumens ကိုကိုယ်စားပြုပြီး ရေအနက်(မီးမှာဆိုလင်းအား) ရေပမာဏ ဘယ်လောက်များမများကို Lux က ကိုယ်စားပြုပါတယ်။ Lux နဲ့ Lumens ရှုပ်ထွေးသွားစေတဲ့ နောက်ထပ်အချက်တစ်ခုဟာ 95%သော LED HID Lumens rating တွေဟာ လိမ်ညာထားခြင်းပြသနာပါ။အရည်အသွေးနဲ့Lumens ပေါ် ထုတ်လုပ်သူများကိုယ်တိုင် upsell ပြုလုပ်ထားကြပါတယ်။3000lm ကို 6000lm ရေးသားထားခြင်းမျိုး။မီးလုံးတစ်စုံစာ lumens output ကို တစ်လုံးခြင်းရဲ့Lumens output လိုလိုရေးထားတာမျိုး အထူးသဖြင့် LED headlight ဟာ Lumens lies လုပ်လို့အကောင်းဆုံးပါ။ 8000lm ရေးထား LED headlight တစ်ခုမှာ 4800lm ပြည့်ဖို့တောင်မသေချာပါ။အများစုပါ။တစ်ကယ် ကောင်းတဲ့LED headlight က အရေအတွက်အားဖြင့်တော်တော်နည်းပါတယ်။Lumens lies ပြသနာများတဲ့အတွက်ကြောင့်ပါ ထို့ကြောင့်ကားမီးကြီးတစ်ခုရွေးချယ်ရာမှာ Lux rating ကသာ အသေချာဆုံးဖြစ်ပါတယ်။ ။Lumens နဲ့ Lux မှာ ကာမီးးအတွက်က Lux ပိုအရေးကြီးပါတယ်။လူနေခန်းမီးလုံးအတွက်က Lumens (လင်းအား )unit ပိုအရေးကြီးပါတယ်..

ကျွန်တော်တို့ ရေးသားခြင်းမှာ Theory အရရေးသားခြင်းမဟုတ်။ professional ကျကျရေးသားခြင်းမဟုတ်။လေ့လာမှုအပေါ်သာ အခြေခံရေးသားထားတဲ့အတွက် အမှားပါရင်နားလည်ပေး

သင့်အမြင်ကိုလည်း comment မှာ ဝင်ရောက်ဆွေးနွေးသွားနိုင်ပါတယ်။

ကားမီးနဲ့ပတ်သက်ရင် www.xenonxmm.com ကိုဝင်ရှာပါ

Leave a Reply

Your email address will not be published. Required fields are marked *