Lumens Lie ( မီးလင်းအားလိမ်လည်ခြင်း )

ပထမဆုံး အနေနဲ့ ပြောဖို့ဆိုရင် ဘူးခွံပေါ်ရေးထားတဲ့ Lemens rating ကို မယုံပါနဲ့

Lumens များတဲ့ မီးကြီးကိုဝယ်တပ်တယ် လမ်းပြောက်တယ် လမ်းပြောက်တယ်ဖြစ်ရော။Lumens လိမ်ညာရေးထားခြင်းပါ။

Lumens အမှန်ရေးထားတဲ့ ဘူးခွံတွေ/instructions တွေဆိုတာ ရှားပါသတ္တာဝါတွေလိုပဲ အလွန်ရှားပါးပါတယ်

။ မရှိဘူးတော့မဟုတ်ဘူး ။ Lumens များလို့ဝယ်လိုက်တိုင်း ကောင်းတယ်မဟုတ်ပါဘူး ။ကြီးမားစွာမှားသွားပါလိမ့်မယ် ။


8000 lumens (lm) လို့ရေးထားတဲ့ LED မှာ 4000 lm ရှိ့ဖို့တောင်မသေချာပါ။10000 lm အထက်ရေးထားရင်တော့ လည့်မကြည့်နဲ့တော့ ပြန်မပြောနဲ့ တိတ်တိတ်လေးပြန်ခဲ့လိုက်

ထုတ်လုပ်သူအများစု ( သို့မဟုတ် )ပြန်လည်ရောင်းချသူအများစုက lumens ပိုရေးပြီး စျေးကွက်ရယူဖို့ကြိုးစားနေကြခြင်းဖြစ်တယ်။လူတွေစိတ်ကိုဆွဲဆောင်တာပဲဖြစ်ပါတယ်။

Halogen ဖြစ်ဖြစ် ၊ HID ဖြစ်ဖြစ် ၊ LED ဖြစ်ဖြစ်
1 watt ပေါ်မှာထုတ်နိုင်တဲ့ lumens ပမာဏရှိပြီးသားပါ

Original halogen ပုံမှန်မီးလုံးတစ်လုံးမှာ low beam မှာ 700 lm ပတ်လည်ရှိပြီး High beam မှာ 1200 lm ပတ်လည်ပဲရှိပါတယ် ။မီးဆံ brand ပေါ်မှုတည်ပြီး 1600lm ပတ်လည်ထုတ်နိုင်တဲ့ အထူးထုတ်Halogen မီးဆံများလည်းရှိပါတယ်။

Iodine or bromine သုံထားတဲ့ Halogen 1 watt မှာ 16 ~ 24 lm/W ပဲထုတ်နိုင်စွမ်းရှိပါတယ်။

အများသော LED headlights မှာ မီးဆံတစ်ဖက်ကို 3000lm ပတ်လည်ပဲများပါတယ်။ပြောင်းလဲလာတဲ့ နည်းပညာအရ အေးထက်လင်းတဲ့ LED များလည်း ရှိလာနေပါပြီ ။ ( LED ဆိုရင်တော့ chip အလိုက် ထုတ်နိုင်တဲ့ Lumens ပမာဏအများကြီးကွဲပြားပါတယ် )။
LED headlight 1 watt မှာ 80 lm ~160 lm

35W HID မီးဆံတစ်ဖက်မှာ 2800lm~3200lm ပဲရှိပါတယ်။55 W မီးဆံတစ်ဖက်မှာ 4000lm ~5500lm။
HID Xenon 1 watt မှာ 80 lm ~110 lm

Lumen benchmark အတိအကျ သုံးစွဲသူအနေနဲ့မသိနိုင်ပါ ။ lumens benchmark တိုင်းတာတဲ့စက် ( integrating sphere) ကို Professional ကျတဲ့စက်ရုံတွေကပဲသုံးကြပါတယ်။စက်တန်ဖိုးဟာလည်း အနည်းဆုံး မြန်မာငွေ သိန်း ၁၅၀ ဝန်းကျင်ရှိပါတယ် ။စျေးပေါပြီး သေးငယ်တဲ့စက်များလည်းရှိတယ် ။တိကျမှုနည်းတယ် ။

noted
အထူးသဖြင့် LED ကားမီးကြီးမှာ Lumens (lm) များတိုင်းလည်းကောင်းတယ်မဟုတ်ပါဘူး ။Limens မများရင်လည်း မကောင်းပြန်ဘူး ။Lumens များပြီးသုံးစားမရ ရိုက်သတ်လို့မကုန်တဲ့ LED မီးကြီး အများကြီး ရှိနေပြန်ရော

သိုင်းဝတ္တုတစ်ခုလိုပါပဲ သိပ်ပြီးလေးနက်တယ် ။တော်ရုံသိုင်းနဲ့နားလည်ဖို့ခက်တယ်

ထိုင်ကျိသိုင်း /ရှောင်လင်သိုင်း သိလည်းမရဘူး

နောက်တစ်ခေါက်မှာ LED ကားမီးကြီးကောင်းတစ်ခုဘယ်လိုရွေးရမလဲဆိုတာ ပြန်ပြီးဆွေးနွေးပါအုန်းမယ် …

Leave a Reply

Your email address will not be published. Required fields are marked *