ဘယ်မီးကအ​ကောင်းဆုံးလဲ ?

အများဆုံး​မေး​နေကျတဲ့ ​မေးခွန်းတစ်​ခု….. အကို ကားမီးကြီး​တွေထဲမှာ ဘယ်​မီးကအ​ကောင်းဆုံးလဲ?…… XENON X က ပြန်​​ဖြေပါတယ်​… ဘယ်​မီးက အ​ကောင်းဆုံးလို့​တော့ ​ပြောလို့မရဘူးအကို။ဘယ်​မီးက အ​ကောင်းဆုံးလဲ ဆိုတာလဲမရှိပါဘူး..Halogen ,HID ,LED သုံးမျိုးစလုံးက သူ့အားသာချက်​ သူ့အားနည်းချက်​ ရှိ​နေပါတယ်​… အကို့အ​နေနဲ့ အလင်းဆုံးမီးကို လိုချင်​တာလား? ​ဈေးအသက်​သာဆုံး ကိုရှာတာလား? ​ရေရှည်​အခံဆုံး ကိုလိုချင်​တာလား? ဆိုတာရှိပါတယ်
Halogen

Halogen

Halogen မီး ဘာ​တွေအားသာပြီး ဘာ​တွေအားနည်းတာလဲ?… မီးသုံးမျိုးထဲမှာ Halogen က ​ဈေးအသက်​သာဆုံး အားသာပါတယ်​။တပ်​ဆင်​ရ အလွယ်​ကူဆုံး။ကားပစ္စည်းဆိုင်​တိုင်းမှာရှိ​တော့ အဆင်​​ပြေတယ်​။ အားနည်းချက်​က အပူထွက်​တာအရမ်းများပါတယ်​။မီးသုံးမျိုးစလုံးထဲမှာ အပူထွက်​အများဆုံး။ကားစွမ်းအင်​ သုံးစွဲမှု အများဆုံး။ကားမီးခွက်​ အထိခိုက်​ဆုံး။လင်းအားကလည်း အနည်းဆုံး။မီးလုံးသက်​တမ်းကလည်း အတိုဆုံးဖြစ်​ပါတယ်​။Halogen ပျမ်းမျှသက်​တမ်းက နာရီ 2000 ။

LED

LED Headlight

LED မီး ဘာ​တွေအားသာပြီး ဘာ​တွေအားနည်းတာလဲ?…. LED ဆိုရင်​ ​ပြောရတာ နည်းနည်း​တော့ခက်​ပါတယ်​။LED အညံ့စား​တွေအရမ်းများ​နေလို့ ငြင်းခုန်​စရာ​တွေလည်း အရမ်းများပါတယ်​။ဒီ​နေရာမှာ အ​ကောင်းစား LED ကိုပဲ​ပြောပါမယ်​။ မီးသုံးမျိုးစလုံးထဲမှာ သက်​တမ်းအကြာဆုံး သုံးနိုင်​တာ LED ဖြစ်​ပါတယ်​။အားသာဆုံး အချက်​က မီးသုံးခုစလုံးမှာ စမ်းအင်​သုံးစွဲမှု,အပူထုတ်​လွတ်​မှု အနည်းဆုံးဖြစ်​ပါတယ်​။Original Halogen မီးထက်​ အပူ 80% ပိုသက်​သာပါတယ်​။ တပ်​ဆင်​ရ လွယ်​ကူပါတယ်​။ အားနည်းချက်​က နည်းပါတယ်​။ HID မီး နဲ့ယဉ်​ရင်​ လင်းအားနည်းတာပါပဲ။ မီးသုံးမျိုးစလုံးမှာ ​ယေဘုယအားဖြင့်​ ​ဈေးအကြီးဆုံးပါ(​ကောင်းတဲ့ LED ကို​ပြောတာ​နော်​)။သို့​ပေမဲ့ ​ရေရှည်​ခံတဲ့ အချိန်​နဲ့ ပြန်​တိုင်းတာရင်​​တော့ ​ဈေးမကြီးပါဘူး။LED ပျမ်းမျှသက်​တမ်းက နာရီ 30000+.

HID

HID XENON

HID မီး ဘာ​တွေအားသာပြီး ဘာ​တွေအားနည်းတာလဲ?…. HID မီးအ​ကြောင်းမှာလည်း တစ်​ကယ့်​​ကောင်းတဲ့ OEM HIDမီးကိုပဲ​ပြောပါမယ်​….. အားသာချက်​က မီးသုံးမျိုးစလုံးမှာ အလင်းဆုံးပါ။Stock HALOGEN ထက်​ အားစားပိုသက်​သာပါတယ်​။Halogen 55W နဲ့ တူညီသည့်​ 55W တွင်​ HID က အပူ 25% ပိုသက်​သာပါတယ်​။Original HALOGEN မီးထက် စွမ်းအင်​သုံးစွဲမှု များစွာသက်​သာပါတယ်​။STOCK HALOGEN ထက်​ သက်​တမ်း ပိုကြာကြာခံပါတယ်​.

အားနည်းချက်​က ကြားထဲမှာရှိ​နေပါတယ်​။အပူထွက်​နှုန်းက Halogen ​လောက်​မများ​သော်​လည်း LED ထက်​များစွာ ပိုများပါတယ်​။သက်​တမ်းအားဖြင့်​ နာရီ 4000 ပါ။မီးသုံးမျိုးစလုံးထဲမှာ တပ်​ဆင်​ချိန်​ ပို​ပေးရဆုံးပါ(သို့​ပေမဲ့ ​နည်းပညာမြင့်​လာတဲ့​နောက်​ပိုင်း H4 အနိမ့်​အမြင့်​ကြိုးကအစ အပ်​လိုက်​စရာမလိုတဲ့အတွက်​ တပ်​ဆင်​ချိန်​ ​မကြာ​တော့ပါ)​ဈေးက Halogen ထက်​များစွာ ​ဈေးကြီးပြီး LED ​ထက်​​တော့​ဈေးသက်​သာပါတယ်​)အတိုချုံ့အ​နေနဲ့ဆိုရင်​…. LED က ​ရေရှည်​အခံဆုံး/အပူအနည်းဆုံး HID က လင်းအားအ​ကောင်းဆုံး HALOGEN က ​ဈေးအသက်​သာဆုံး ဖြစ်​ပါတယ်​….